တရုတ်နိုင်ငံ၏ တောင်ဝင်ရိုးစွန်း ချင်းလင်-စခန်းကို တည်ဆောက်ပြီး စတင် အသုံးပြုခြင်း အတွက် ရှီကျင့်ဖိန်သည် ဂုဏ်ပြုလွှာ ပေးပို့

(GMT+08:00)2024-02-07 16:20:50  

တရုတ် နိုင်ငံ၏ တောင်ဝင်ရိုးစွန်း ချင်းလင်-စခန်းကို ယခုလ ၇ရက်နေ့က တည်ဆောက်ပြီးစီးပြီ ဖြစ်၍ စတင် အသုံးပြုပါသည်။ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ဂုဏ်ပြုလွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ် နိုင်ငံ၏ ဝင်ရိုးစွန်း ဒေသ စူးစမ်းလေ့လာရေး လုပ်ငန်း ဆောင်ရွက်ခဲ့သည့် နှစ် ၄၀ ပြည့်မြောက်သည့် နှစ် ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း တရုတ် နိုင်ငံ၏ ဝင်ရိုးစွန်း ဒေသ စူးစမ်းလေ့လာရေး လုပ်ငန်းသည် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ တရုတ် နိုင်ငံ၏ တောင်ဝင်ရိုးစွန်း ချင်းလင်-စခန်းကို ယခုလ ၇ရက်နေ့က  စတင် အသုံးပြုခြင်းသည် တရုတ် နိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးမှ သိပ္ပံပညာရှင်များ၏ သဘာဝ စူးစမ်းလေ့လာရေး အတွက် အားကောင်းသော ပံ့ပိုးမှု ပေးမည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံ၏ ဝင်ရိုးစွန်း ဒေသ စူးစမ်းလေ့လာရေး လုပ်ငန်း ဆောင်ရွက်သူများသည် ချင်းလင်-စခန်း အသုံးပြုခြင်းကို အခွင့်ကောင်း တစ်ခု အဖြစ် ယူပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတူ ဝင်ရိုးစွန်း ဒေသကို ပိုမိုကောင်းမွန်စွာ သိရှိ၊ ထိန်းသိမ်း၊ အသုံးပြုကာ လူသားတို့၏ ချမ်းသာသုခနှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး အတွက် ပိုမို ကြီးမားသော အကျိုးပြုမှုသစ်များကို စွမ်းဆောင်ရန် မျှော်လင့်ကြောင်း ရေးသားဖော်ပြပါသည်။

တရုတ် နိုင်ငံ၏ တောင်ဝင်ရိုးစွန်း ချင်းလင်-စခန်းသည် Inexpressible Islandတွင် တည်ရှိပြီး တောင်ဝင်ရိုးစွန်း၌ တရုတ် နိုင်ငံ၏ ပဉ္စမမြောက် စူးစမ်းလေ့လာရေး စခန်း ဖြစ်ကြောင်း သိရပါသည်။