“တရုတ်စီးပွားရေးပြိုလဲသည်” ဟုပြောဆိုတိုင်း ပြောဆိုချက်တွေသာ ထပ်ခါတလဲလဲ ပြိုလဲသွားသည်ဟု အမေရိကန်နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး ဆို

(GMT+08:00)2024-02-07 14:00:17  

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှဲ့ဖုန်း သည် ဖေဖော်ဝါရီလ ၅ရက်နေ့ က “နွေဦးကို နွေးထွေးစွာ ကြိုဆို၊ တရုတ်နှစ်သစ်ကူးပွဲတော်ကို နွှဲပျော်” နွေဦးပွဲတော် ဧည့်ခံပွဲသို့ တက်ရောက်ရာတွင်  “တရုတ်စီးပွားရေးပြိုလဲသည်” ဟုပြောဆိုတိုင်း ပြောဆိုချက်တွေသာ ထပ်ခါတလဲလဲပြိုလဲသွားပြီး “တရုတ်စီးပွားရေးအထွက်အထိပ်သို့ရောက်ပြီး ပြိုလဲသွားသည် ဆိုသည့် ” အထောက်အထားလည်း လုံးဝ မရှိကြောင်း ပြောကြားခဲ့ပါသည်။
    သံအမတ်ကြီး ရှဲ့ဖုန်း က တရုတ်နိုင်ငံ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး တည်ငြိမ်စွာ အသွင်ကူးပြောင်းလာပြီး အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ရေး ဇောက်ချ ပြုလုပ်ကာ အဆင့်အတန်းမြင့် နိုင်ငံခြားသို့ တံခါးဖွင့်ရေး ဆက်တိုက်တိုးချဲ့ဆောင်ရွက်၍ တရုတ်ပုံစံခေတ်မီရေးလမ်းကြောင်း ပိုမိုကျယ်ပြန့်လာကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ သံအမတ်ကြီး ရှဲ့ဖုန်းက တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရာတွင် “အရေအတွက်” တရားမျှတစွာ တိုးများလာပြီး “အရည်အသွေး” ထိရောက်စွာ မြင့်တင်လာ ကြောင်း၊ “တည်ငြိမ်မှု”အတွက် ခိုင်မာသော အခြေခံအုတ်မြစ် ရှိပြီး “တိုးတက်မှု”အတွက် အလားအလာ များစွာ ရှိကြောင်း ပြောကြားခဲ့ပါသည်။
    သံအမတ်ကြီး ရှဲ့ဖုန်း က “တရုတ်စီးပွားရေးပြိုလဲသည်” ဟုပြောဆိုတိုင်း ပြောဆိုချက် တွေသာ ထပ်ခါတလဲလဲ ပြိုလဲသွားပြီး “တရုတ်စီးပွားရေးအထွက်အထိပ် သို့ရောက်ပြီး ပြိုလဲသွားသည် ဆိုသည့် ” အထောက်အထားလည်း လုံးဝ မရှိကြောင်း၊ အကောက်ခွန်တိုက်ပွဲ၊ သိပ္ပံနည်းပညာတိုက်ပွဲနှင့် သိမြင်မှုတိုက်ပွဲများသည် တရုတ်နိုင်ငံ၏ အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို မတားဆီးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ဖေဖော်ဝါရီလ ၉ရက်နေ့ တရုတ်ရိုးရာနှစ်သစ်ကူးနွေဦးပွဲတော်အကြိုညတွင် China Media Group နွေဦးပွဲတော်ညပဒေသကပွဲကို အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ပါသည်။