China Media Group မှ နဂါးနှစ် နွေဦးပွဲတော် ပဒေသာကပွဲ၏ မိတ်ဆက် ဗီဒီယိုကို ရုရှား ရုပ်ရှင်ရုံများတွင် ပထမဆုံးအကြိမ် ပြသ

(GMT+08:00)2024-02-07 14:01:24  

     ဒေသစံတော်ချိန် ယခုလ ၄ ရက်နေ့မှစ၍ မော်စကိုနှင့် စိန့်ပီတာစဘတ် အပါအဝင် ရုရှားနိုင်ငံ မြို့ ၁၄ မြို့ရှိ ရုပ်ရှင်ရုံ ၂၂ ရုံမှ ရုပ်ရှင်ပြခန်း ၆၂ ခန်း တွင် ရုပ်ရှင်မစတင်မီ China Media Group မှ နဂါးနှစ် နွေဦးပွဲတော် ပဒေသာကပွဲ မိတ်ဆက် ဗီဒီယို၏ ရုရှားဗားရှင်းကို ပြသမည်ဖြစ်ပါသည်။ ယင်းသည် China Media Group မှ နွေဦးပွဲတော် ပဒေသာကပွဲ၏ မိတ်ဆက် ဗီဒီယိုကို ရုရှား ရုပ်ရှင်ရုံများတွင် ပထမဆုံးအကြိမ် ပြသခြင်းဖြစ်ပါသည်။ ယင်းမိတ်ဆက်ဗီဒီယိုကို ကြည့်ရှုခဲ့ပြီးနောက် ရုရှားပြည်သူများ သည် တရုတ်ယဉ်ကျေးမှုကို အလွန်စိတ်ဝင်စားကြောင်း ၊ နွေဦးပွဲတော် ပဒေသာကပွဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခြင်းဖြင့် တရုတ်အကြောင်းကို ပိုမိုလေ့လာသိရှိရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ကြသည်ဟု သတင်းအရ သိရပါသည်။