Wang Shouwen သည် Marisa Lago နှင့် Video Call ဖြင့် ဆက်သွယ်

(GMT+08:00)2024-02-07 13:59:30  

ဖေဖော်ဝါရီလ ၆ရက်နေ့က တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာကုန်သွယ်မှု ညှိနှိုင်းရေးကိုယ်စားလှယ်၊ ဒုတိယဝန်ကြီး Wang Shouwen သည် အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Marisa Lago နှင့် Video Call ဖြင့် ဆက်သွယ်ခဲ့ရာ တရုတ်-အမေရိကန်စီးပွားကုန်သွယ်ရေး လုပ်ငန်းအဖွဲ့၏ ပထမအကြိမ်မြောက် ဒုတိယ ဝန်ကြီးအဆင့်အစည်းအဝေးအတွက် ပြင်ဆင်မှုလုပ်ငန်းများ၊ နှစ်ဖက်စလုံးမှ အာရုံစိုက် ကြသော စီးပွားကုန်သွယ်ရေးပြဿနာများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဖလှယ်ခဲ့ ကြပါသည်။
    Wang Shouwen က တရုတ်-အမေရိကန် စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး မှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် တည်ငြိမ်သော အင်အား ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်နိုင်ငံနှင့်အတူ တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များမှ ဆန်ဖရန်စစ္စကိုမြို့ တွေ့ဆုံပွဲတွင် ရရှိခဲ့သော အရေးကြီးသည့် သဘောတူညီမှုများကို သေချာစွာ အကောင်အထည်ဖော်ရန်၊ တရုတ်-အမေရိကန်စီးပွားကုန်သွယ်ရေးလုပ်ငန်း အဖွဲ့၏ အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်ပြီး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ကာ သဘောကွဲလွဲမှုများကို စီမံထိန်းချုပ်၍ နှစ်နိုင်ငံစက်မှုကုန်သွယ်ရေးလောကများအကြား ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကောင်းမွန်သော အခြေအနေများကို ဖန်တီးပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။