အစ္စရေးအား အမေရိကန် ဒေါ်လာ ၁၇.၆ ဘီလီယံ တန်ဖိုးရှိသော စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများ ပေးအပ်ရန် အမေရိကန် အောက်လွှတ်တော်မှ အတည်ပြုရန် ပျက်ကွက်

(GMT+08:00)2024-02-07 13:07:17  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၆ ရက်နေ့က အမေရိကန် အောက်လွှတ်တော်သည် “အစ္စရေး လုံခြုံရေးဆိုင်ရာ ထောက်ပံ့ငွေ ဖြည့်စွက်ရေး ဥပဒေ”နှင့်ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၅၀ နှင့် ကန့်ကွက်မဲ ၁၈၀ ရရှိခဲ့သည်။ ထောက်ခံမဲ သုံးပုံ နှစ်ပုံ အောက်သာ ရှိသည့်အတွက် အစ္စရေးအား အမေရိကန် ဒေါ်လာ ၁၇.၆ ဘီလီယံ တန်ဖိုးရှိသော စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများ ပေးအပ်မည့် အဆိုပါ ဥပဒေကြမ်း အတည်ပြုရန် ပျက်ကွက်ခဲ့သည်။