အခြားနိုင်ငံများ၏ ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာပိုင်မှုနှင့် လုံခြုံရေးကို ကျူးကျော်ထိပါးမှုကို ဆန့်ကျင် ကြောင်း တရုတ်ဆို

(GMT+08:00)2024-02-06 17:46:32  

ဖေဖော်ဝါရီလ ၅ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကျင်းပခဲ့သောပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ဖေဖော်ဝါရီလ ၃ ရက်နေ့က ဆီးရီးယားနှင့် အီရတ်ပြည်တွင်း ပစ်မှတ်များအပေါ် အမေရိကန် တပ်ဖွဲ့၏ လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခြင်းနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့သည် အချုပ်အခြာအာဏာပိုင်နိုင်ငံများဖြစ်ကြကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ် ချိုးဖောက်ပြီး အခြားနိုင်ငံများ၏ ပိုင်နက်နယ်မြေ အချုပ်အခြာ အာဏာပိုင်မှုနှင့် လုံခြုံရေးကို ထိပါးခြိမ်းခြောက်နိုင်သည့် လုပ်ရပ်များကို တရုတ်ပြည်က ဆန့်ကျင်ကြောင်း၊ လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသတွင်း အခြေအနေအလွန်ရှုပ်ထွေးပြီး သက်ဆိုင်ရာတို့အနေနှင့် နိုင်ငံတကာ တရားဥပဒေများ လိုက်နာပြီး ခေါင်းအေးအေးထားကာ ဒေသတွင်း အခြေအနေ တင်းမာမှု ဆက်လက် ဆိုရွားလာခြင်းကို ရှောင်ရှားရန်၊ သို့မဟုတ် မထိန်းချုပ်နိုင်သော အခြေအနေတွင်းသို့ မကျရောက်စေရန် တရုတ်ပြည်က တိုက်တွန်းကြောင်း ပြောကြားပါသည်။