“တရုတ်ပုံစံခေတ်မီရေးဆိုင်ရာ ရှီကျင့်ဖိန်၏ ထုတ်ဖော်ပြောဆိုချက်မှ ကောက်နှုတ်ချက်” အင်္ဂလိပ်ဗားရှင်း နှင့် အင်္ဂလိပ်-တရုတ်ဗားရှင်းဖြင့် ထုတ်ဝေ

(GMT+08:00)2024-02-06 17:47:09  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ပါတီသမိုင်း နှင့် စာပေသုတေသနဌာနမှ ဘာသာပြန်ဆိုသော “တရုတ်ပုံစံခေတ်မီရေးဆိုင်ရာ ရှီကျင့်ဖိန်၏ ထုတ်ဖော်ပြောဆိုချက်မှ ကောက်နှုတ်ချက်” စာအုပ်အား အင်္ဂလိပ်ဗားရှင်း နှင့် အင်္ဂလိပ်-တရုတ်ဗားရှင်းများကို ယခုတလော Central Compilation and Translation Pressက ထုတ်ဝေပြီး တရုတ် ပြည်တွင်းပြည်ပသို့ ဖြန့်ချိခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

“တရုတ်ပုံစံခေတ်မီရေးဆိုင်ရာ ရှီကျင့်ဖိန်၏ ထုတ်ဖော်ပြောဆိုချက်မှကောက်နှုတ်ချက်” သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ပါတီသမိုင်း နှင့် စာပေသုတေသနဌာနမှ တည်းဖြတ်ခြင်းဖြစ်ကြောင်း၊ ၂၀၁၂ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ခုနှစ် အောက်တိုဘာလ အတောအတွင်း တရုတ်ပုံစံခေတ်မီရေးဆိုင်ရာ ရဲဘော် ရှီကျင့်ဖိန်မှ အရေးကြီး ထုတ်ဖော် ပြောဆိုချက်များကို စုစည်းထားကြောင်း သတင်းရရှိပါသည်။