China Media Group မှ နဂါးနှစ် နွေဦးပွဲတော် ပဒေသာကပွဲ၏ မိတ်ဆက် ဗီဒီယိုကို CNN ရုပ်မြင်သံကြား ချန်နယ်၌ စတင် ထုတ်လွှင့်

(GMT+08:00)2024-02-06 17:45:23  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၅ ရက်နေ့က China Media Group မှ နဂါးနှစ် နွေဦးပွဲတော် ပဒေသာကပွဲ၏ မိတ်ဆက်ဗီဒီယိုကို CNN ၏ မြောက်အမေရိကရှိ ရုပ်မြင်သံကြား ချန်နယ်၊ နိုင်ငံတကာအစီအစဉ်၏ မြောက်အမေရိက ချန်နယ်နှင့် ဥရောပ၊ အရှေ့အလယ်ပိုင်း ချန်နယ်၊ အာဖရိက ချန်နယ်နှင့် အာရှ ပစိဖိတ် ချန်နယ်များတွင် ဆက်တိုက် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း၊ ၅ ရက်နေ့ တစ်နေ့တည်းပင် ကြည့်ရှုသူ ဦးရေသည် ၄၃ သန်းကျော် ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

  နဂါးနှစ် နွေဦးပွဲတော် ပဒေသာကပွဲ၏ မိတ်ဆက်ဗီဒီယိုကို CNN ၏ ချန်နယ် များစွာတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ဆက်တိုက် ထုတ်လွှင့်သွားမည် ဖြစ်ပြီး နိုင်ငံခြားမှ လူဦးရေ သန်း ၄၀၀ ခန့်ကို လွှမ်းခြုံကာ ယင်းတို့အနက် ဥရောပဒေသ၌ ၁၃၇ သန်း ရှိပြီး မြောက်အမေရိကဒေသ၌ ၁၀၇ သန်း ရှိကြောင်း၊ ယခုနှစ်တွင် Streaming မီဒီယာ ပလက်ဖောင်း CNN Max တွင်လည်း ပထမဆုံးအကြိမ် အဖြစ် ထုတ်လွှင့်မည် ဖြစ်ပြီး လူဦးရေ ၂၂ သန်းကို လွှမ်းခြုံသွားမည် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။