မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား

(GMT+08:00)2024-02-06 17:44:28  

ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၄ရက်နေ့က တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ နယ်စပ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးကြသည်ဟု ပြောကြားခဲ့ကြောင်း၊ ထိတ်လန့် ကြောက်ရွံ့နေသော ဒေသခံများက ကျည်ဆန်များသည် နယ်စပ်ကို ဖြတ်ကျော်ခဲ့သည်ဟု ပြောကြားခဲ့ကြကြောင်း ရိုက်တာသတင်းဌာနမှ ဖေဖော်ဝါရီလ ၄ရက်နေ့က ရေးသား ဖော်ပြခဲ့ပါသည်။

    ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ဒေသခံလက်နက်ကိုင် တပ်ဖွဲ့များ ရှေ့သို့ မချီတက်မီတွင် အိမ်နီးချင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ နယ်ခြား စောင့်တပ်ဖွဲ့ဝင် ၁၄ဦးထက်မနည်း “မိမိကိုယ်ကို ကာကွယ်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ဝင်ရောက်ခဲ့ကြ”ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။
    ၂၀၂၃ခုနှစ် နိုဝင်ဘာလမှစ၍ ကီလိုမီတာရာနှင့်ချီသော မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံ နယ်စပ်ဒေသများတွင် တိုက်ပွဲများ ကြိမ်ဖန်များစွာ ဖြစ်ပွားခဲ့ပါသည်။