ကွေ့ကျိုး Tongren ရှိ မီးရထားစာအုပ်ဆိုင်

(GMT+08:00)2024-02-05 14:30:52  

ဖေဖော်ဝါရီလ ၄ရက်နေ့က တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် Tongren မြို့မှ ကျောင်းသူကျောင်းသားများသည် Yuping ဒုန့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်ရှိ မီးရထား စာကြည့်ခန်းတွင် စာဖတ်နေကြပါသည်။ လွန်ခဲ့သည့်နှစ်များတွင် Yuping ဒုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်သည် စွန့်ပစ်ထားသော အနှေးရထားတွဲကို အသုံးပြုပြီး စာဖတ် ရန်နေရာ၊ ယဉ်ကျေးမှုဆန်းသစ်တီထွင်ရေးနေရာ၊ စာဖတ်ကူးလူးဖလှယ်ရန်နေရာနှင့် မျှဝေ ရန်နေရာများကို အဓိကထားသည့် မီးရထားစာအုပ်ဆိုင်ကို တည်ဆောက်ထားခဲ့ပါသည်။ ၁၅ မိနစ်ကြာ မြို့ပြယဉ်ကျေးမှုရပ်ဝန်းကို တည်ဆောက်ပြီး မြို့သူမြို့သားများသည် စာဖတ်ရန် ပျော်ရွှင်မှုများကို ခံစားစေကာ ပြည်သူလူထု၏ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု ဘဝ ပိုမိုကြွယ်ဝလာစေပါသည်။