China Media Group မှ ၂၀၂၄ ခုနှစ် နွေဦးပွဲတော်အကြိုည ပဒေသာကပွဲ စတုတ္ထ အကြိမ် ဇာတ်တိုက်လေ့ကျင့်မှု ပြီးဆုံး

(GMT+08:00)2024-02-05 12:57:04  

    ဖေဖော်ဝါရီလ ၄ ရက်နေ့က China Media Group မှ ၂၀၂၄ ခုနှစ် နွေဦးပွဲတော်အကြိုည ပဒေသာကပွဲ စတုတ္ထ အကြိမ် ဇာတ်တိုက်လေ့ကျင့်မှုကို ချောမောစွာ ပြုလုပ်ခဲ့ပါသည်။ ပဒေသာကပွဲတွင် အနုပညာနှင့် နည်းပညာကို နက်ရှိုင်းစွာ ပေါင်းစပ်ထားပြီး စိတ်အား ထက်သန်မှုများ ပြည့်နှက်နေပါသည်။ ယခုအကြိမ် ပဒေသာကပွဲသည် ရသမြောက်လှသည့် အစီအစဉ်များဖြင့် တစ်ကမ္ဘာလုံးမှ တရုတ်အမျိုးသားများအား သာယာလှပပြီး ကျက်သရေအပြည့်ဖြစ်သည့် ပဒေသာကပွဲများကို တင်ဆက်ဖျော်ဖြေ ပေးသွားမည် ဖြစ်ပါသည်။