ကွမ်ကျိုး Komodo Dragon Pavilion တရားဝင် ဖွင့်လှစ်

(GMT+08:00)2024-02-05 15:38:09  

ယခုလ ၃ ရက်နေ့က ကွမ်ကျိုးချန်လုံ တောရိုင်းတိရစ္ဆာန်ကမ္ဘာ Komodo Dragon Pavilionသည် ခရီးသည်များအတွက် တရားဝင် ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ Komodo dragon လို့ခေါ်ဆိုသည့် "ကမ္ဘာ့ အကြီးဆုံးအိမ်မြှောင်" သည် အင်ဒိုနီးရှား နိုင်ငံ၏ ထူးခြားသော တိရစ္ဆာန်မျိုးစိတ်ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်က ကွမ်ကျိုး ချန်လုံသည် Komodo Dragon ၄ ကောင်ကို သွင်းယူခဲ့ကာ အချိန်အတော်ကြာ အလုပ်ကြိုးစားခဲ့ပြီးနောက်  ပြီးခဲ့သည့် ဆယ်နှစ်အတွင်း Komodo Dragon ၂၅ ကောင်ကို အောင်မြင်စွာ မျိုးပွားနိုင်ခဲ့ သည်ဟု သတင်းအရသိရပါသည်။