ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ် လေ့လာသင်ယူဖော်ဆောင်ခြင်း ပေါင်းရုံးသုံးသပ်ရေး အစည်းအဝေး ကျင်းပ

(GMT+08:00)2024-02-05 12:58:57  

ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ် လေ့လာသင်ယူဖော်ဆောင်ခြင်း ပေါင်းရုံးသုံးသပ်ရေး အစည်းအဝေးကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ဘေကျင်း၌ ကျင်းပခဲ့ပါသည်။

မကြာမီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အသိပညာပေးရေးဆိုင်ရာ ပေါင်းရုံးသုံးသပ်မှု အစီရင်ခံစာနှင့် အသိပညာပေးရေးဆိုင်ရာ အောင်မြင်မှုရလဒ်များ ချဲ့ထွင် ခိုင်ခံ့ စေရေး အကြံပြုချက်ကို စိစစ်ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယင်းအစည်းအဝေးကို ကြီးမှူး ကျင်းပပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ၄ ရက်နေ့က ကျင်းပသော အစည်းအဝေးတွင် ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်းကို ရှင်းလင်းဖော်ပြခဲ့ပါသည်။

  တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသပါရှိသော ဆိုရှယ်လစ်အတွေးအခေါ် အသိပညာပေးရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဆိုက်ချီသည် အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။