၂၀၂၄ ဒူဘိုင်း "နွေးထွေးသောနွေဦးပွဲတော်၊ ပျော်ရွှင်သောနွေဦးပွဲတော်" အကြီးစား ချီတက်ပွဲ တရားဝင်စတင်

(GMT+08:00)2024-02-05 15:28:53  

    ဒေသ စံတော်ချိန် ယခုလ ၃ ရက်နေ့က နဂါးနှစ် နွေဦးပွဲတော်ကျရောက်လာသည့် အခါသမယတွင် ၂၀၂၄ ဒူဘိုင်း "နွေးထွေးသောနွေဦးပွဲတော်၊ ပျော်ရွှင်သောနွေဦးပွဲတော်" အကြီးစားချီတက်ပွဲဖွင့်ပွဲအခမ်းအနားကို အာရပ်စော်ဘွားများနိုင်ငံ ဒူဘိုင်းရှိ အထင်ကရ နေရာ Burj Khalifa Park ၌ ကျင်းပခဲ့ပါသည်။ ၄င်းလှုပ်ရှားမှုတွင် အာရပ် စော်ဘွားများ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းယိမင်၊ ဒူဘိုင်းဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် လီရွှိဟန်၊ အာရပ်စော်ဘွားများနိုင်ငံ စီးပွားရေးနှင့် နိုင်ငံခြား ကုန်သွယ်မှု ဒုဝန်ကြီး Abdullah bin Ahmed Saleh၊ ဒူဘိုင်းဆိုင်ရာ အာရပ်စော်ဘွားများ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဥက္ကဋ္ဌ မင်းသားMaktoum၊ ဒူဘိုင်းစီးပွားရေးနှင့် ခရီးသွားဌာန CEO Kazim စသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြသည်ဟု သတင်းအရ သိရပါသည်။