ရုရှား Mi-8 ရဟတ်ယာဉ်သည် လေ့ကျင့်ပျံသန်းစဉ် အဆက်အသွယ်ပြတ်တောက်

(GMT+08:00)2024-02-05 14:45:05  

    ရုရှားအရေးပေါ်အခြေအနေဝန်ကြီးဌာနမှ ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၄ ရက်နေ့က ထုတ်ပြန်သော သတင်းအရ ရုရှား အနောက်မြောက် လေကြောင်း ကယ်ဆယ်ရေးစင်တာမှ Mi-8 ရဟတ်ယာဉ်တစ်စင်းသည် လေ့ကျင့်ပျံသန်းစဉ် ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း Karelia သမ္မတနိုင်ငံရှိ Onega ရေကန်အပေါ် ကောင်းကင်ယံတွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း၊ အဆိုပါရဟတ်ယာဉ်ပေါ်တွင် ဝန်ထမ်း၃ဦးပါရှိပြီး  အခင်းဖြစ်ပွားရာနေရာသို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က သွားရောက်ခဲ့ပြီဖြစ်ကြောင်း သိရပါသည်။