ဒုတိယအကြိမ် ဆော်ဒီအာရေဗျ နိုင်ငံတကာ ကာကွယ်ရေး ပြပွဲ ဖွင့်လှစ်

(GMT+08:00)2024-02-05 14:46:02  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၄ ရက်နေ့က ဒုတိယအကြိမ် ဆော်ဒီအာရေဗျ နိုင်ငံတကာ ကာကွယ်ရေးပြပွဲကို ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့တော်တွင် ဖွင့်လှစ်ခဲ့ပြီး ၅ရက်ကြာ ကျင်းပမည်ဖြစ်သည်။ ယခုအကြိမ် ကာကွယ်ရေးပြပွဲ၏ ဆောင်ပုဒ်မှာ "အဆင့်မြင့် ကာကွယ်ရေး နည်းပညာကို အာရုံစိုက်ခြင်း" ဖြစ်ပါသည်။ ပြပွဲတွင် တရုတ်နိုင်ငံကာကွယ်ရေး ပြသမှုများသည် လူအများ၏ အာရုံစူးစိုက်ရာ ဖြစ်လာခဲ့သည်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေတပ်၏ Bayi လေယာဉ်ပျံသန်းပြသရေးအဖွဲ့သည် ဖိတ်ကြားချက်အရ ကာကွယ်ရေး ပြပွဲတွင် ပါဝင်ပြီး ပျံသန်းပြသခဲ့ပါသည်။