အစ္စရေးနှင့် ဟားမတ်စ်တို့ကြား စေ့စပ်ညှိနှိုင်းမှုအခက်အခဲကြုံတွေ့သည်ဟု မီဒီယာများဖော်ပြ

(GMT+08:00)2024-02-05 15:59:28  

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ၄ရက်နေ့ ညတွင် မီဒီယာများက အစ္စရေးနှင့် ဟားမတ်စ်တို့ကြား စေ့စပ်ညှိနှိုင်းမှု၏ နောက်ဆုံးရသတင်းများကို ဖော်ပြခဲ့ကြသည်။ အာရာပီယာရုပ်မြင်သံကြားဌာနမှ သတင်းအချက်အလက်အရ ဟားမတ်စ်သည် အစ္စရေးနှင့် ယခင်လို အကျဉ်းသားများ အပြန်အလှန် လွတ်မြောက်ရေး သဘောတူညီချက်ကို ငြင်းဆန်ရုံသာမက ပိုမိုများပြားသော ပါလက်စတိုင်း အကျဉ်းသားများ  လွတ်မြောက်စေရန် ဆန္ဒရှိကြောင်း၊ အခြားသောမီဒီယာများက သက်ဆိုင်ရာ ပုဂ္ဂိုလ်၏ ပြောကြားချက် အရ အစ္စရေးသည် ဟားမတ်စ်၏ တောင်းဆိုချက်ကို ငြင်းဆိုသည်ဟု စေ့စပ်ညှိနှိုင်းရေးမှူးများကို အကြောင်းကြားထားပြီဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ အစ္စရေးနှင့် ပါလက်စတိုင်းနှစ်ဖက်စလုံးက သက်ဆိုင်ရာသတင်းများကို တုံ့ပြန်ခြင်းမရှိသေးကြောင်း သတင်းအရ သိရပါသည်။