ဂါဇာအလယ်ပိုင်းနှင့်တောင်ပိုင်းတွင် အစ္စရေး၏ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၃၁ ဦး ထက် မနည်း သေဆုံး

(GMT+08:00)2024-02-05 14:36:55  

ဖေဖော်ဝါရီလ ၄ ရက်နေ့က အစ္စရေးတပ်ဖွဲ့သည် ဂါဇာအလယ်ပိုင်းနှင့်တောင်ပိုင်းဒေသကို အပြင်း အထန် ဗုံးကြဲ တိုက်ခိုက်ပြီး လူ ၃၁ ဦးထက်မနည်း သေဆုံးသွားကြောင်း ပါလက် စတိုင်း မီဒီယာမှ သတင်းကို ကိုးကာ၍ ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြပါသည်။ ၄ ရက်နေ့တွင် အစ္စရေး တပ်ဖွဲ့ သည် ဂါဇာတောင်ပိုင်း ရာဖာမြို့ရှိ ကားတစ်စီးကို လေကြောင်းဖြင့် တိုက်ခိုက် သောကြောင့်  လူ အမြောက်အမြား ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကုသခဲ့သည်ဟု သတင်းအ ရ သိရ သည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ၇ ရက်နေ့က ပါလက်စတိုင်း-အစ္စရေး ထပ်မံ ပဋိပက္ခ ဖြစ်ပွား ပြီးနောက် ဂါဇာဒေသတွင် လူ ၂ သောင်း ၇ ထောင့် ၃ ရာကျော် သေဆုံးခဲ့ ပြီး ၆ သောင်း၆ ထောင် ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ပါလက်စတိုင်း ဂါဇာ ကမ်းမြောင် ဒေသ ကျန်းမာရေး ဌာနမှ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ သော စာရင်းအရ သိရှိရ သည်။