တစ်ကမ္ဘာလုံးနှင့်အတူ တရုတ်နှစ်သစ်ကူးနွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲအတူကြည့်ကြစို့၊ CMG “တရုတ်နှစ်သစ်ကူးနွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲ နိဒါန်း” အခမ်းအနားကို ဂျီနီဗာမြို့၌ကျင်းပ

(GMT+08:00)2024-02-05 16:50:01  

China Media Group (CMG) “တရုတ်နှစ်သစ်ကူးနွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲ နိဒါန်းအစ တစ်ကမ္ဘာလုံးနှင့်အတူ တရုတ်နှစ်သစ်ကူးနွေဦးပွဲတော် ညချမ်းပဒေသာ ဖျော်ဖြေပွဲအတူကြည့်ကြစို့” ဆွစ်ဇာလန်သီးသန့်အခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကုလသမဂ္ဂ ဂျီနီဗာရုံးခန်း Palace of Nations ၌ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားခေါင်းစဉ်မှာ “တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်မှာ CMG  တရုတ်နှစ်သစ်ကူးနွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲ ကြည့်ကြစို့” ဖြစ်ပြီး တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်ကို ခါးပတ်ကြိုးအဖြစ်သဘောထားကာ နိုင်ငံတကာ ပြည်သူချင်း ကူးလူးဖလှယ်မှုကိုတိုးမြှင့်၍ ယဉ်ကျေးမှုအပြန်အလှန်လေ့လာ အတုယူမှုကိုမြှင့်တင်ရန်ဖြစ်သည်။ အဆိုပါအခမ်းအနားသို့ ဂျီနီဗာမြို့ ကုလသမဂ္ဂရုံး ညွှန်ကြားရေးမှူးချုပ် Tatiana Valovaya ၊ ကုလသမဂ္ဂဂျီနီဗာရုံးအခြေစိုက် တရုတ်နိုင်ငံရုံးခန်းနှင့် ဆွစ်ဇာလန်နိုင်ငံ အခြားနိုင်ငံကာ အဖွဲ့အစည်းကိုယ်စားလှယ် Chen Xu၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ တရုတ်ကိုယ်စားလှယ် Li Chenggang၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala ၊ ကမ္ဘာ့ဉာဏပစ္စည်း မူပိုင်ခွင့်အဖွဲ့အစည်း ညွှန်ကြားရေးမှူးချုပ် Daren Tang၊ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှုညီလာခံအဖွဲ့ အတွင်းရေးမှူးချုပ် Rebeca Grynspan နှင့် ဗြိတိန်၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ ပါကစ္စတန်၊ ထိုင်း၊ တောင်ကိုရီးယား၊ မလေးရှား၊ ကျူးဘား၊ ဥရုဂွေး၊ မောရစ်သျှနိုင်ငံမှ ကုလသမဂ္ဂ ဂျီနီဗာရုံးအခြေစိုက် ကိုယ်စားလှယ်နှင့် သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းအရာရှိများ စသဖြင့် ဧည့်သည်တော်ပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ CMG ဥက္ကဋ္ဌ Shen Haixiong က ဗီဒီယိုမိန့်ခွန်းပြောကြားခဲ့ရာ တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်သည် တရုတ်လူမျိုး၏ အရေးကြီးဆုံးရိုးရာပွဲတော်ဖြစ်ကြောင်း၊ မကြာသေးမီက (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်ကို ကုလသမဂ္ဂပိတ်ရက်အဖြစ်သတ်မှတ်ရန် ဆွေးနွေးအတည်ပြုခဲ့ကြောင်း၊ ယင်းသည် တရုတ်ယဉ်ကျေးမှုနှင့် အရှေ့တိုင်းယဉ်ကျေးမှုဆွဲဆောင်မှုကို အပြည့်အဝပေါ်လွင်စေပြီး ကုလသမဂ္ဂကအဆိုပြုသည့် အမျိုးအစားစုံလင်သော အားလုံးပါဝင်သော ယဉ်ကျေးမှုတန်ဖိုးအယူအဆကို ထင်ဟပ်စေကြောင်း၊ နှစ်သစ်ကူးရှေ့တစ်ရက်ညတွင် တရုတ်နှစ်သစ်ကူးနွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲကြည့်ခြင်းသည် တရုတ်လူမျိုးတို့၏ နှစ်သစ်ကူးဓလေ့ဖြစ်နေပြီဖြစ်ကြောင်း၊ ယခုနှစ်တွင် CMG သည် “အတွေးအခေါ်+အနုပညာ+နည်းပညာ” တို့ကို ပေါင်းစပ်ထုတ်လွှင့်ခြင်းဖြင့် တရုတ်ရိုးရာ သာလွန်ကောင်းမွန်သော ရိုးရာယဉ်ကျေးမှုနှင့် ခေတ်မီယဉ်ကျေးမှုကို တစ်သားတည်းအဖြစ်ပေါင်းစပ်ကာ ပျော်ရွှင်ဖွယ်၊ နွေးထွေးဖွယ် “ယဉ်ကျေးမှုနှစ်သစ်ကူးအကြိုည ညစာ” ကို ဖန်တီးမည်ဖြစ်ကြောင်း၊ ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၅ နှစ်ပြည့်ဖြစ်ကြောင်း၊ CMG သည် ဆွစ်ဇာလန်နယ်ပယ်အသီးသီးမှ မိတ်ဆွေများနှင့်အတူ ပြည်သူချင်းကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး လူသားယဉ်ကျေးမှုတိုးတက်မှုကို ကူညီမြှင့်တင်ပေးကာ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်သော၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော၊ အတူတကွ စည်ပင်ဝပြောသော ကမ္ဘာကြီးခေတ်မီမှု သာယာလှပသောမျှော်မှန်းချက်ကို တွန်းအားပေးဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားနေ့တွင် နိုင်ငံအသီးသီးမှ နိုင်ငံခြားသံတမန်နှင့် နိုင်ငံတကာအဖွဲ့အစည်းမှ အရာရှိများက Palace of Nations ၌ တရုတ်နှစ်သစ်ကူးပွဲတော်ကို ခံစားကြည့်ရှုခဲ့ပါသည်။ နိုင်ငံအသီးသီးမှဧည့်သည်တော်များက ဖက်ထုပ်ထုပ်ခြင်း၊ ပြတင်းပေါက်ကပ် အလှစက္ကူညှပ်ခြင်းတို့ ပြုလုပ်၍ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ယဉ်ကျေးမှုနှင့်  နှစ်သစ်ကူးအငွေ့အသက်များကို ခံစားခဲ့ကြသည်။ အခမ်းအနားတွင် “တရုတ်နှစ်သစ်ကူးနွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲ ပန်းကန်လုံး” ၊ “နဂါးငါးကောင်အလှပန်းကန်” ၊ “တရုတ်နှစ်သစ်ကူးနွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲ လာဘ်ကောင်”  စသည့် တရုတ်နှစ်သစ်ကူးနွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲ ယဉ်ကျေးမှုဖန်တီးတီထွင်သောပစ္စည်းများကိုလည်း ဧည့်သည်တော်များက နှစ်သက်အားပေးကြသည်။