China Media Group “တရုတ် နွေဦးပွဲတော် အကြိုည ပဒေသာကပွဲ ပွဲဦးထွက်တေး” လှုပ်ရှားမှုကို ဘရာဇီးနိုင်ငံ Recife မြို့တွင် ကျင်းပ

(GMT+08:00)2024-02-05 14:29:51  

ဖေဖော်ဝါရီလ ၃ရက်နေ့က Recife မြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးနှင့် China Media Group လက်တင်အမေရိကရုံးခွဲတို့ ပူးတွဲကျင်းပသော “တရုတ် နွေဦးပွဲတော် အကြိုည ပဒေသာကပွဲ ပွဲဦးထွက်တေး၊ တစ်ကမ္ဘာလုံး နွေဦးပွဲတော် အကြိုည ပဒေသာကပွဲ ကြည့်ရှုခြင်း” လှုပ်ရှားမှု ဘရာဇီး အထူးပွဲကို ဘရာဇီးနိုင်ငံ Recife မြို့ရှိ Dona Lindu ဥယျာဉ်တွင် ကျင်းပခဲ့ရာ Recife မြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ယာယီ ကောင်စစ်ဝန်ချုပ် ဝမ်ကို၊ ဘရာဇီးပြည်ထောင်စုလွှတ်တော်အမတ် Izza Arruda ၊ ဘရာဇီးနိုင်ငံ Recife မြို့ ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ricardo Mello ၊ ဘရာဇီးနိုင်ငံ Recife မြို့ လွှတ်တော်အမတ် Cida Pedrosa ၊ ဘရာဇီးလုပ်ငန်းပေါင်းစုံမှ ချစ်ကြည်ရေးပုဂ္ဂိုလ်များ၊ မီဒီယာများနှင့် ဘရာဇီးနိုင်ငံရောက် တရုတ်နွယ်ဖွားများ အပါအဝင် လူပေါင်း၄၀၀၀ကျော် တက်ရောက်ခဲ့ကြပါသည်။