ချီလီနိုင်ငံအလယ်ပိုင်း၌ သစ်တောမီးလောင်ကျွမ်းမှုကြောင့် လူ၁၁၂ ဦးသေဆုံး

(GMT+08:00)2024-02-05 15:39:29  

ချီလီနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနမှ ချီလီနိုင်ငံအလယ်ပိုင်း Valparaisoပြည်နယ်၌ သစ်တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူဦးရေ ၁၁၂ဦးအထိ တိုးများလာပြီဖြစ်ပြီး  Valparaisoပြည်နယ်ရှိ ပင်လယ်ကမ်းရိုးတန်းခရီးသွားမြို့ဖြစ်သည့် Viña del Marသည် အဆိုးရွားဆုံး ထိခိုက်ခဲ့သည်ဟု ဖေဖော်ဝါရီလ ၄ရက်နေ့ညက မီဒီယာများအား အတည်ပြုပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ထိုနေ့စောစောပိုင်းက ချီလီအစိုးရမှ ထုတ်ပြန်သောသတင်းအရ ယခုအကြိမ် ရက်ပေါင်းများစွာ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုတွင် အတည်ပြုခဲ့သော သေဆုံးသူဦးရေမှ လွဲ၍ လူများ ရာနှင့်ချီပျောက်ဆုံးနေပြီး အိမ်ယာ ၁၀၀၀ကျော် ပျက်စီးခဲ့ကြောင်း သိရပါသည်။

ထိုနေ့တွင်ပင် ချီလီနိုင်ငံသမ္မတ Boricသည် တစ်ပြည်လုံးတီဗီမိန့်ခွန်း ထုတ်ပြန်ခဲ့ရာတွင် ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၅ရက်နေ့မှစပြီး တစ်ပြည်လုံး၌ ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ ၂ရက် သတ်မှတ်ကြောင်း ကြေညာခဲ့ပါသည်။