နွေဦးပွဲတော်ရုံးပိတ်ရက်များအတောအတွင်း တစ်ပြည်လုံးရှိ နယ်စပ်စခန်းများကို ပြည်ဝင် ပြည်ထွက် လူဦးရေသည် နေ့စဉ် ၁သန်း ၈သိန်း ပျမ်းမျှရှိမည်ဟု တရုတ်နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဆို

(GMT+08:00)2024-02-04 15:50:34  

    တရုတ်နိုင်ငံတော်လူဝင်မှုကြီးကြပ်ရေးဌာန wechat အကောင့်မှ သတင်းအရ တရုတ်နိုင်ငံတော်လူဝင်မှုကြီးကြပ်ရေးဌာနက ယခုနှစ်နွေဦးပွဲတော်ရုံးပိတ်ရက်များ အတော အတွင်း တစ်ပြည်လုံးရှိ နယ်စပ်စခန်းများ၌ အသစ်တစ်ကြိမ် ပြည်ဝင်ပြည်ထွက် လူဦးရေ အထွတ်အထိပ်ကို ရောက်ရှိနိုင်ပြီး နေ့စဉ် ပျမ်းမျှအားဖြင့် လူဦးရေ ၁သန်း ၈သိန်း ရှိမည်ဖြစ်ပြီး ယမန်နှစ်နွေဦးပွဲတော်အချိန် ကထက် ၃.၃ဆခန့် တိုးများလာကာ ၂၀၁၉ခုနှစ် နွေဦးပွဲတော်အချိန်ကနှင့် ညီမျှကြောင်း ခန့်မှန်းရသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။