ဘယ်လ်ဂျီယံက အစ္စရေးသံအမတ်ကြီးအား ဆင့်ခေါ်ပြီး ဂါဇာကမ်းမြောင်ဒေသရှိ ဘယ်လ်ဂျီယံ၏ အဖွဲ့အစည်းများအား တိုက်ခိုက်မှုများကို ကန့်ကွက်ကြောင်း ဖော်ပြ

(GMT+08:00)2024-02-04 15:52:35  

  ဘယ်လ်ဂျီယံနိုင်ငံခြားရေးဝန်ကြီး Rabib နှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Gennets တို့သည် ဘရပ်ဆဲလ်မြို့တွင် အစ္စရေးသံအမတ်အား ဆင့်ခေါ်တွေ့ဆုံပြီး ဂါဇာကမ်းမြောင်ဒေသရှိ ဘယ်လ်ဂျီယံ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများအား အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချကြောင်း ဖော်ြပခဲ့ပါသည်။ ဘယ်လ်ဂျီယံနိုင်ငံခြားရေး ဝန်ကြီးဌာနက ရုံးခန်းများကို ဗုံးကြဲတိုက်ခိုက်ခြင်း အပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊  အရပ်ဘက်အခြေခံ အဆောက်အအုံများ ဖျက်ဆီးခြင်း လုပ်ရပ်ကို လုံးဝ လက်မခံနိုင်ကြောင်း၊  ယင်းလုပ်ရပ်သည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြောကြားခဲ့ပါသည်။