အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အီရတ်ပြည်တွင်းပစ်မှတ်များအား အမေရိကန်တပ်ဖွဲ့ မှ လေကြောင်းမှ တိုက်ခိုက်ခြင်းအပေါ် တရားဝင် ကန့်ကွက်မှု ဖော်ပြ

(GMT+08:00)2024-02-04 15:52:07  

အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယခုလ ၃ ရက်နေ့က အီရတ်နိုင်ငံဆိုင်ရာ အမေရိကန် သံရုံး ယာယီ တာဝန်ခံအား ဆင့်ခေါ်ပြီး အီရတ်ပြည်တွင်း ပစ်မှတ်များအား အမေရိကန်တပ်ဖွဲ့မှ လေကြောင်းမှ တိုက်ခိုက်ခြင်းအပေါ် တရားဝင် ကန့်ကွက်မှုကို ဖော်ပြခဲ့ သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိုနေ့က ကြေညာချက်ထုတ်ပြန်ပြီး အီရတ် လုံခြုံရေး တပ်ဖွဲ့၏ စစ်ရေးအဆောက်အအုံများအား အမေရိကန်တပ်ဖွဲ့မှ လေကြောင်းမှ တိုက်ခိုက်ခြင်းအပေါ် အပြစ်တင်ရှုတ်ချကြောင်း၊ အီရတ်အစိုးရအနေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ တာဝန်များကို ထိရောက်တိကျစွာ လိုက်နာဆောင်ရွက်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကာကွယ်ရန်၊ လုံခြုံရေးတပ်ဖွဲ့နှင့် အရပ်သူ အရပ်သားများ၏ အသက်လုံခြုံမှုအား ထိန်းသိမ်းမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။