CGTN စစ်တမ်းအရ အမေရိကန်နိုင်ငံရေးသမား၏မာနာကြီး အသိဉာဏ်နည်းမှုကို ကမ္ဘာတစ်ဝှမ်းမှာ ဝေဖန်သူ ၉၀ ရာခိုင်နှုန်းကျော်ရှိ

(GMT+08:00)2024-02-03 23:35:02  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဝါရှင်တန်မြို့၌ ကျင်းပသော ကြားနာပွဲ တစ်ခုမှာ အမေရိကန် အထက်လွှတ်တော် တရားစီရင်ရေးကော်မတီအဖွဲ့ဝင် တွမ်ကော်တွန် (Tom Cotton) က Tik Tok အမှုဆောင်အရာရှိ (CEO) Shou Zi Chew အား ဉာဏ်မရှိသော “စစ်ဆေးမေးမြန်းမှု” ကို ထပ်တလဲလဲ မေးခွန်းထုတ်ခဲ့သည်။ Shou Zi Chew အား တရုတ် နိုင်ငံသားလက်မှတ် ပိုင်ဆိုင်ထားခြင်းရှိမရှိ၊ ထို့အပြင် Shou Zi Chew တရုတ်ကွန်မြူနစ် ပါတီဝင် ဖြစ်ခဲ့ဖူးသလား အစရှိသဖြင့် ကြိမ်ဖန်များစွာ မေးမြန်းခဲ့သည်။ ဤကြားနာပွဲမှာ အမေရိကန်လွှတ်တော်အမတ်၏သိမ်ဖျင်းသော အပြုအမူသည်လည်း ကမ္ဘာတစ်ဝှမ်းက အင်တာနက် သုံးစွဲသူများအကြား ပြောစမှတ်တွင်လာခဲ့သည်။ China Global Television Network (CGTN) မှ တစ်ကမ္ဘာလုံးရှိ အင်တာနက် သုံးစွဲသူများထံ ထုတ်ပြန်ခဲ့သော စစ်တမ်းကောက်ချက်အရ အင်တာနက် သုံးစွဲသူ ၉၀ ရာခိုင်နှုန်းကျော် (၉၀.၇%) ဟာ အမေရိကန်လွှတ်တော်အမတ်၏မေးခွန်းများ မှတစ်ဆင့် ၎င်း၏တရုတ်နိုင်ငံအပေါ် မသိ နားမလည်မှု၊ မောက်မာမှုနှင့် တစ်ဖက်သတ် တစ်ယူသန်အမြင်များကို ပေါ်လွင်စေပြီး နောက်ဆုံးတွင် တရုတ်-အမေရိကန် ဆက်ဆံမှု တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်စီးစေနိုင်လိမ့်မည်ဟု ယူဆ ကြသည်။

စစ်တမ်းကောက်ချက်အရ ကမ္ဘာတစ်ဝှမ်းက မေးမြန်းခံရသူ ၈၆.၅% သည် တွမ်ကော်တွန်၏အပြုအမူသည် အလွန်ပရော်ဖက်ရှင်နယ် မဆန်ဘူးဟု ယူဆကြသည်။ CGTN၏ စစ်တမ်းကောက်ယူမှုတွင် ပါဝင်ဖြေကြားသည့် အင်တာနက် သုံးစွဲသူ တစ်ဦး၏ပြောကြားချက်နည်းတူ: “နိမ့်ပါးတဲ့ဉာဏ်ရည်ပါပဲ၊ ကျွမ်းကျင်မှုမရှိမှုနဲ့ အခြေခံ အကျင့်စာရိတ္တမရှိခြင်းကို သိသာစွာပေါ်လွင်စေတယ်။ အမေရိကန် နိုင်ငံရေးသမားတို့ရဲ့ ရှိရင်းစွဲအပြုအမူတွေ ကမ္ဘာ့အလယ်မှာ ပေါ်ထွက်လာတာ အမှန်ပါပဲ။”

အခြားမေးမြန်းခံရသူ ၈၅.၃ % သည် Tik Tok အသုံးပြုနေစဉ်အတွင်း၌ အမေရိကန် လွှတ်တော်အမတ်ပြောသော သတင်းအချက်အလက်လုံခြုံရေး အန္တရာယ်မျိုး မခံစားရ ကြောင်း ဖော်ပြခဲ့ကြသည်။ ယနေ့အချိန်အထိ အမေရိကန်အစိုးရသည် Tik Tok မှ အမေရိကန်နိုင်ငံတော်လုံခြုံရေး အပေါ် အန္တရာယ်ရှိကြောင်း မည်သည့်သက်သေမျှ မပြသနိုင်သေး သော်လည်း သက်ဆိုင်ရာလုပ်ငန်းကုမ္ပဏီအား အကြိမ်ကြိမ် အကြောင်းမဲ့ ဖိနှိပ်တိုက်ခိုက် နေခဲ့သည်။ တရုတ်နိုင်ငံနှင့်ပတ်သက်၍ ထိတ်လန့်မှုများ ဖန်တီးပေးနေပြီး ရည်ရွယ်ချက် အမှန်ကတော့ ၎င်းတို့၏ သိပ္ပံနည်းပညာ ဆိုင်ရာ လက်ဝါးကြီးအုပ်မှုကို ထိန်းသိမ်းကာကွယ်ပြီး အခြားနိုင်ငံများ၏တရားနည်းလမ်းကျသော ဖွံ့ဖြိုးတိုးတက်ရေး ရပိုင်ခွင့်များကို ထိခိုက်စေခြင်း ဖြစ်သည်။ 

ဤစစ်တမ်းကောက်ချက်ကို CGTN ၏ အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အာရတ်၊ ရုရှား ၅ ဘာသာ သတင်းပလက်ဖောင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၂၄ နာရီအတွင်း အင်တာနက် သုံးစွဲသူ ဦးရေပေါင်း ၁၇,၀၀၀ ကျော် ပါဝင် မဲပေးပြီး အမြင်သဘောထားများ ဖော်ပြခဲ့ကြ သည်။