ဆွစ်ဇာလန် ဖက်ဒရယ်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Cassis သည် တရုတ်နိုင်ငံသို့ လာရောက်ခရီးလှည့်လည်မည်

(GMT+08:00)2024-02-03 16:15:04  

    တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ၏ ဖိတ်ကြားချက်အရ ဆွစ်ဇာလန် ဖက်ဒရယ်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Cassis သည် ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက်ခရီးလှည့်လည်မည်ဖြစ်ပြီး တရုတ်-ဆွစ်ဇာလန် တတိယအကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးအဆင့် မဟာဗျူဟာ ဆွေးနွေးပွဲကို တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယခုလ ၂ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။