“တရုတ်-အာဆီယံလူမှုရေးနှင့်ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှစ်” ဖွင့်လှစ်

(GMT+08:00)2024-02-03 16:14:19  

ဖေဖော်ဝါရီလ ၂ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပုံမှန်သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။ “တရုတ်-အာဆီယံလူမှုရေးနှင့်ယဉ်ကျေးမှု ကူးလူးဖလှယ် ရေးနှစ်” ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂ရက်နေ့က ဖူကျန့်ပြည်နယ် ဖူကျိုးမြို့၌ အောင်မြင်စွာကျင်းပခဲ့ခြင်းနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဖွင့်ပွဲအခမ်း အနား မကျင်းပခင် နှင့် ကျင်းပပြီးနောက် “တရုတ်-အာဆီယံလူမှုရေး နှင့်ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှစ်” LOGO ထုတ်ပြန်ရေးနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား၊ တရုတ်-အာဆီယံ နွေဦးပွဲတော်ဈေး(spring fair)၊ တရုတ်-အာဆီယံ စာအုပ်နှင့်အနုပညာ ပြပွဲနှင့် ဖူကျန့် ပြည်နယ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းပြပွဲ၊ လူငယ်များ၊ အမျိုးသမီးများ နှင့် လက်ဖက်ယဉ်ကျေးမှု ဆိုင်ရာ လှုပ်ရှားမှုများနှင့်တေးဂီတပွဲ များကျင်းပပြီး လူမှုရေးနှင့် ယဉ်ကျေးမှုကူးလူးဖလှယ်ရေးနှစ်ကို ကောင်းမွန်စွာ စတင်ခဲ့ကြောင်း၊ တစ်နှစ်လုံးတွင် နှစ်ဖက်စလုံးသည် လှုပ်ရှားမှု ၂၀၀ကျော် ပူးတွဲကျင်းပမည်ဖြစ်ပြီး တရုတ်-အာဆီယံ ပြည်သူ ၂ဘီလီယံကျော်အကြား ကူးလူးဖလှယ်ရေး လှုပ်ရှားမှုသစ်များ ဖြစ်ပေါ်လာစေ၍ နယ်ပယ်အသီးသီး၌ အဆင့်ဆင့် ကူးလူးဖလှယ်မှုကို တိုးမြှင့်ကာ စီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံနက်ရှိုင်းစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။