ရှီကျင့်ဖိန်သည် တစ်နိုင်ငံလုံးမှ ပြည်သူများအတွက် တရုတ် ရိုးရာ နှစ်သစ် ဆုမွန်ကောင်း တောင်းပေး

(GMT+08:00)2024-02-03 16:13:23  

တရုတ်နိုင်ငံရိုးရာပွဲတော်ဖြစ်သည့် နွေဦးပွဲတော် နီးကပ်လာသည်နှင့်အမျှ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ထျန်းကျင်းကိုရောက်ရှိပြီး အောက်ခြေအဆင့် ဝန်ထမ်းနှင့် ပြည်သူများကို ကြည့်ရှုကာ တစ်နိုင်ငံလုံးတိုင်းရင်းသားများ၊ ဟောင်ကောင်သားများ၊ မကာအို သားများ၊ ထိုင်ဝမ် မွေးချင်းပေါက်ဖော်များနှင့် ပင်လယ်ရပ်ခြားရောက် တရုတ်နွယ်ဖွားများကို နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။