China Media Group နွေဦးပွဲတော် အကြိုည ပဒေသာကပွဲဆိုင်ရာ လှုပ်ရှားမှုကို ဒူဘိုင်းတွင် ကျင်းပ

(GMT+08:00)2024-02-03 16:15:44  

ဖေဖော်ဝါရီလ ၂ရက်နေ့ညတွင် တရုတ်နိုင်ငံ ရိုးရာ “Xiao Nian” ပွဲတော်ရောက်ရှိလာသည့်အချိန်မှာ China Media Group နွေဦးပွဲတော် အကြိုည ပဒေသာကပွဲဆိုင်ရာ လှုပ်ရှားမှုကို အာရပ် စော်ဘွားများ နိုင်ငံ ဒူဘိုင်းမြို့၏ နာမည်ကြီး အထင်ကရနေရာ Burj Khalifa ဥယျာဉ်တွင် ကျင်းပခဲ့ပါသည်။ ဒူဘိုင်း ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ သံတမန်များ၊ ဒူဘိုင်းရှိ တရုတ် လုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိသူများ၊ မီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်ပရောက် တရုတ်  နိုင်ငံသားများ၊ တရုတ်နွယ်ဖွားများနှင့် နိုင်ငံအသီးသီးမှ  မိတ်ဆွေများ အပါအဝင် လူတစ်ထောင်ကျော် ထိုနေ့လှုပ်ရှားမှုကို ပါဝင်ခဲ့ကြပါသည်။