ရှီကျင့်ဖိန်၏ ထျန်ကျင်းခရီးစဉ်- Pingjin စစ်ပွဲအထိမ်းအမှတ်ပြတိုက်

(GMT+08:00)2024-02-03 16:13:54  

 Pingjin စစ်ပွဲ အထိမ်းအမှတ်ပြတိုက်သည် ထျန်ကျင်းမြို့ ဟုန်ချောင်-ရပ်ကွက်တွင် တည်ရှိပြီး Pingjin စစ်ပွဲ အောင်ပွဲရရှိခြင်းဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန့်သီးသန့်ပြသထားသည့် အထိမ်းအမှတ် ပြတိုက်ဖြစ်သကဲ့သို့၊ မျိုးချစ်စိတ်ဓာတ်နှင့် တော်လှန်ရေး ဆိုင်ရာ ပညာရေး ဆောင်ရွက်ရန်အတွက် အရေးကြီးနေရာတစ်ခုလည်း ဖြစ်ပါသည်။ Pingjin စစ်ပွဲ အထိမ်းအမှတ်ပြတိုက်သည် ၁၉၉၇ ခုနှစ် ဇူလိုင်လက အပြီးသတ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အောင်ပွဲရင်ပြင်၊ ပင်မပြခန်း၊ ဘက်စုံပြခန်းနှင့် စစ်ဘက်ဆိုင်ရာဥယျာဉ်ဆိုပြီးအပိုင်း ၄ ပိုင်း ပါဝင် ပါသည်။