ကင်ဂျုံအန်းသည် Nampho သင်္ဘောတည်ဆောက်ရေးစက်ရုံကို လေ့လာကြည့်ရှု

(GMT+08:00)2024-02-03 16:16:23  

မြောက်ကိုရီးယားဗဟိုသတင်းဌာနမှ ဖေဖော်ဝါရီလ ၂ရက်နေ့က ထုတ်ပြန်သော သတင်းအရ မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် Nampho သင်္ဘောတည်ဆောက်ရေးစက်ရုံကို လေ့လာကြည့်ရှုခဲ့ပြီး ရေတပ်တိုက်ခိုက်ရေးစွမ်းရည်ကို အားဖြည့်ရမည်ဟု အလေးထား ပြောကြားခဲ့ကြောင်း သိရပါသည်။

ကင်ဂျုံအန်းက ရေတပ်အင်အားကို အားဖြည့်ခြင်းသည် နိုင်ငံတော် ပင်လယ်ပြင် အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တိုက်ခိုက်ရေးအဆင်သင့်အရှိန် မြှင့်တင်ရေးတွင် အရေးကြီးကိစ္စဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့ပါသည်။ ၎င်းက သင်္ဘောတည်ဆောက်ရေးစက်မှု လုပ်ငန်း ဌာနများအား ဖွံ့ဖြိုးမှုသစ်ကို အကောင်အထည် ဖော်ပြီး ကိုယ့် နည်းပညာစွမ်းရည်ကို တိုးမြှင့်ရန် ညွှန်ကြားပြောဆိုခဲ့ပါသည်။