အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2024-02-03 16:14:39  

     တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယခုလ ၂ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ အမေရိကန်မှ ရာသီဥတု ပြဿနာ ဆိုင်ရာ အထူးသံတမန်သစ် ခန့်အပ်ခြင်းနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ပါသည်။ ယင်းနှင့် စပ်လျဉ်း၍ ပြောရေး ဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုဖြစ်ပြီး နိုင်ငံအသီးသီးတို့၏ ပူးပေါင်းကြိုးပမ်းအားထုတ်မှု လိုအပ်ကြောင်း၊ တရုတ်၊ အမေရိကန် ထိပ်သီးခေါင်းဆောင်တို့သည် ဆန်ဖရန်စစ္စကိုတွင် တွေ့ဆုံပြီး ရာသီဥတု အကျပ်အတည်း ရင်ဆိုင်ဖြေရှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီး သဘောတူညီမှုရရှိ ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံများ နှင့်အတူ  ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုရင်ဆိုင်ဖြေရှင်းရာ၌ လက်တွေ့ကျသော လုပ်ဆောင်ချက်များကို ဆက်လက်စွမ်းဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်း အရသိရပါသည်။