ဖိလစ်ပိုင် အရပ်ဘက် သင်္ဘော တစ်စင်းမှ Ren'ai Reef(Second Thomas Shoal)တွင် တရားမဝင်တည်ရှိနေသော ဖိလစ်ပိုင် စစ်သင်္ဘော အတွက် နေ့စဉ်သုံး ပစ္စည်းများ ပို့ဆောင်ခြင်း ခရီးစဉ် တစ်လျှောက်ုလုံးကို တရုတ် ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့ ကြီးကြပ်

(GMT+08:00)2024-02-03 16:15:26  

ယခုလ ၂ရက်နေ့တွင် ဖိလစ်ပိုင်မှ အရပ်ဘက် အငယ်စား သင်္ဘော တစ်စင်းသည် Ren'ai Reef(Second Thomas Shoal)၌ တရားမဝင်တည်ရှိနေသော ဖိလစ်ပိုင် စစ်သင်္ဘော အတွက် နေ့စဉ်သုံး ပစ္စည်းများ ပို့ဆောင်ခဲ့ပါသည်။ ယင်းခရီးစဉ် တစ်လျှောက်လုံးကို တရုတ် ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့သည် ကြီးကြပ်ခဲ့ပါသည်။ တရုတ် နိုင်ငံသည် Ren'ai Reef(Second Thomas Shoal) အပါအဝင် နန်ရှားကျွန်းစုနှင့် အနီးတဝိုက် ပင်လယ်ရပ်ဝန်း အပေါ် မငြင်းသာသော အချုပ်အခြာ အာဏာပိုင်မှု ရှိ၍ တရုတ် ပင်လယ်ကမ်းခြေစောင့် တပ်ဖွဲ့ အနေနှင့် သက်ဆိုင်ရာ ဥပဒေ အရ တရုတ် နိုင်ငံ၏ စီမံအုပ်ချုပ်ပိုင်ခွင့်ရှိသော ပင်လယ်ရပ်ဝန်းတွင် အချုပ်အခြာ အာဏာ ထိန်းသိမ်းကာကွယ်ရေးနှင့် တရားဥပဒေ ကျင့်သုံးရေး လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။