“အမေရိကန်နိုင်ငံသည် ငွေကိုသာ အလေးထား၍ သေကြေပျက်စီးမှုကို ဂရုမစိုက်ပါ” CGTN စစ်တမ်းအရ ကမ္ဘာတစ်ဝှမ်း အင်တာဗျူးခံရသူ ၉၀% ကျော်သည် အမေရိကန်နိုင်ငံ၏”စစ်အမြတ်ထုတ်ခြင်း”ကို ပြစ်တင်ရှုတ်ချကြသည်

(GMT+08:00)2024-02-02 23:20:15  

မငြိမ်မသက်သော ပထဝီနိုင်ငံရေး ပဋိပက္ခများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ စိုးရိမ်ပူပန်မှုများစွာ ဖြစ်ပေါ်နေချိန်တွင် အမေရိကန်နိုင်ငံသည် ၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသို့ စစ်လက်နက်ရောင်းရငွေ ၂၃၈ ဘီလီယံအထိ စံချိန်တင်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို စိုးရိမ်ဖွယ်ရာများ ထပ်မံပေးလာခဲ့ပါသည်။ China Global Television Network (CGTN) မှ ကမ္ဘာတစ်ဝှမ်းရှိ အင်တာနက်သုံးစွဲသူများအား စစ်တမ်းကောက်ယူမှု တစ်ရပ် ပြုလုပ်ရာတွင် မေးမြန်းခံရသူ ၉၃.၈၈% သည် အမေရိကန်နိုင်ငံ၏ကမ္ဘာတစ်ဝှမ်း စိုးရိမ်ဖွယ်ရာများ ပြုလုပ်ပေးခြင်း၊ ပဋိပက္ခလှုံ့ဆော်ပေးခြင်း၊ အခွင့်ကောင်းယူပြီး “စစ်အမြတ်ထုတ်ခြင်း” များ ပြုလုပ်ခဲ့သော လုပ်ရပ်များအပေါ် အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့ကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၃ ဘဏ္ဍာနှစ်တွင် အမေရိကန်နိုင်ငံသည် ပိုလန်နိုင်ငံအား “HIMARS” ဒုံးကျည်စနစ် ရောင်းချခဲ့ ပြီး ဂျာမနီနိုင်ငံကို “ASRAAM” ဝေဟင်ပစ်ဒုံးကျည်၊ ယူကရိန်းနိုင်ငံကို လေကြောင်းရန် ကာကွယ်ရေးဒုံကျည်တို့ ရောင်းချရန် ခွင့်ပြုခဲ့ကြောင်း ဖော်ပြထားသည်။ စစ်တမ်းများအရ မေးမြန်းခံရသူ ၉၂% ဟာ အမေရိကန်နိုင်ငံသည် ဒေသတွင်းအခြေအနေ တင်းမာမှုနှင့် လှုပ်ခတ်မှုများ ပိုမိုဆိုးရွားလာစေသည်ဟု ယူဆခဲ့ကြသည်။ မေးမြန်းခံရသူ ၉၁.၉၈% ကတော့ အမေရိကန်နိုင်ငံ၏ပြည်ပနိုင်ငံများအား စစ်လက်နက်ရောင်းချမှု အရှိန်မြှင့်တင်သော လုပ်ရပ်ဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်တဲ့ ကမ္ဘာ့ခေတ်ရေစီးကြောင်းနဲ့ ဆန့်ကျင်သည်ဟု ယူဆကြသည်။ CGTNမှ မေးမြန်းခံရတဲ့ အင်တာနက် သုံးစွဲသူ တစ်ဦး ပြောဆိုချက်နည်းတူ : “အမေရိကန်နိုင်ငံက စစ်လက်နက်ရောင်းချမှုကို  ပြုလုပ်တဲ့ အပြင် အသေအပျောက်များကိုလည်း ဂရုစိုက်မှာမဟုတ်ပါဘူး၊ သူတို့က ငွေကိုသာ အလေးထားကြတာပါ။”

၂၀၂၃ ဘဏ္ဍာနှစ်၏ပြည်ပနိုင်ငံများသို့ စစ်လက်နက်ရောင်းချမှုပမာဏတင်သာမက၊ အမေရိကန်နိုင်ငံ၏ ၂၀၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးအသုံးစရိတ်သည်လည်း အမေရိကန်ဒေါ်လာ ၈၈၆ ဘီလီယံဖြင့် သမိုင်းစံချိန်သစ်တင်ခဲ့သည်။ ယင်ကိစ္စရပ်အပေါ်တွင် ၉၀ ရာခိုင်နှုန်း နီးပါးသော (၈၈.၇၂%) ကမ္ဘာတစ်ဝှမ်း မေးမြန်းခံရသူများသည် အမေရိကန်နိုင်ငံ၏လုပ်ရပ်ဟာ ကမ္ဘာတစ်ဝှမ်းမှာ စစ်လက်နက်ပြိုင်ဆိုင်မှုအသစ်တစ်ရပ် ဖြစ်ပေါ်လာစေမည်ကို စိုးရိမ်နေကြသည်။ မေးမြန်းခံရသူ ၉၄.၈၁% သည် အမေရိကန်နိုင်ငံ၏ ပြည်ပနိုင်ငံများသို့ စစ်လက်နက်ရောင်းချခြင်းနှင့် နိုင်ငံခြားရေးမူဝါဒ နက်ရှိုင်းစွာ ချိတ်ဆက်ထားခြင်းဟာ အမေရိကန်နိုင်ငံ၏ အခြားနိုင်ငံများအပေါ် ခြိမ်းခြောက်အကျပ်ကိုင်မှုနှင့် ထိန်းချုပ်ရေးမှာ အရေးပါသော ကိရိယာဖြစ်နေသည်ဟု ယူဆထားကြသည်။ CGTN မှ မေးမြန်းခံရတဲ့ အင်တာနက် သုံးစွဲသူ တစ်ဦးသည် : “ကမ္ဘာပေါ်မှာ အမေရိကန်နိုင်ငံက တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် နည်းဖြင့် ပါဝင်ခဲ့တာမျိုး မရှိတဲ့ပဋိပက္ခပြဿနာမျိုး မရှိသလောက်ပါပဲ။ သူတို့ရဲ့ဘဏ္ဍာရေး၊ စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ အနိုင့်ကျင်ဗိုလ်ကျစိုးမိုးမှုတို့က ကမ္ဘာ့ငြိမ်းချမ်းရေးရဲ့အတားအဆီး ဖြစ်လာနေတယ်” ဟု ထိထိမိမိ သုံးသပ်ပြသသွားပါတယ်။

နိုင်ငံတစ်နိုင်ငံ၏လုံခြုံရေးသည် အခြားနိုင်ငံများအား လုံခြုံရေးနစ်နာမှုဖြင့် စတေးခံ၍ မရကြောင်း၊ စစ်ဘက်အုပ်စု အင်အားဖြည့်ခြင်း သို့မဟုတ် တိုးချဲ့ ခြင်းတို့ဖြင့် ဒေသတွင်း လုံခြုံရေး အာမခံပြုလုပ်၍ မရကြောင်း လက်တွေ့ဖြစ်ရပ်များက သက်သေပြနေပါသည်။ စစ်တမ်းများအရ ကမ္ဘာတစ်ဝှမ်းရှိ မေးမြန်းခံရသူ ၉၀.၃၁% သည် ဤအကြောင်းအရာနှင့် ပတ်သက်ပြီး အလွန်သဘောတူထောက်ခံကြသည်။ အခြားမေးမြန်းခံရသူ ၉၀ ရာခိုင်နှုန်း နီးပါး (၈၉.၂၆%) သည် စစ်ပွဲတွင် အောင်နိုင်သူဟူ၍ မရှိကြောင်း၊ နိုင်ငံအသီးသီးမှ စစ်ပွဲဆန့်ကျင်ခြင်း၊ စစ်ပွဲရပ်စဲရေးတို့ကို အခိုင်အမာ ပြတ်ပြတ်သားသား ဆန္ဒထုတ်ဖော်သင့် ကြောင်း၊ မည်သည့်စစ်ပွဲကိုဖြစ်စေ စစ်ပွဲအန္တရာယ်အလားအလာဖြစ်စေ အထူးသတိထား ဆင်ခြင်သွားရမည်ဟု ယူဆထားကြသည်။

ဒီစစ်တမ်းကောက်ယူမှုကို CGTN မှ အင်္ဂလိပ်ဘာသာ၊ စပိန်ဘာသာ၊ ပြင်သစ်ဘာသာ၊ အာရတ်ဘာသာ၊ ရုရှားဘာသာ ပလက်ဖောင်းတို့မှ ထုတ်ပြန်ကြေညာခဲ့ပြီး ၂၄ နာရီအတွင်း အင်တာနက် သုံးစွဲသူ ၃၀၈၁၃ ယောက်တို့က မဲဆန္ဒပေးခဲ့ကြပြီး သဘောထားအမြင်များ ထုတ်ဖော်ခဲ့ကြသည်။