၂၀၂၄ ခုနှစ် နွေဦးပွဲတော် အကြိုည ပဒေသာကပွဲ၏ နည်းပညာ ဆန်းသစ်တီထွင်မှုများ

(GMT+08:00)2024-02-02 16:04:49  

    


   ဖေဖော်ဝါရီလ ၁ ရက်နေ့က China Media Group သည် ၂၀၂၄ ခုနှစ် နွေဦးပွဲတော် အကြိုည ပဒေသာကပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ကျင်းပပြီး ပဒေသာကပွဲ အစီအစဉ်များနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုများကို မိတ်ဆက် ရှင်းလင်းခဲ့ပါသည်။

   ယခုနှစ် ပဒေသာကပွဲသည် ရုပ်မြင်သံကြား၊ လူစည်ကားသည့်နေရာများ၌ ဖန်သားပြင်ကြီးနှင့် ဟန်းဖုန်း terminal တို့ကို ရည်ညွှန်းပြီး အထူးကြည်လင်ပြတ်သားသော ရုပ်သံရလဒ်များ ဖော်ဆောင်ပေးမည် ဖြစ်ကြောင်း၊ "အယူအဆ + အနုပညာ + နည်းပညာ" ကို ရောနှောပေါင်းစပ် ဆန်းသစ်တီထွင်ကာ ပရိသတ်များအား ပိုမိုများပြားသော မြင်ကွင်းများ၊ ရှုထောင့်များနှင့်အတူ စိတ်ဝင်တစား ကြည့်ရှုမှု အတွေ့ အကြုံကို ပေးစွမ်းမည် ဖြစ်ကြောင်း သိရပါသည်။

သတင်းစာ ရှင်းလင်းပွဲတွင် မိတ်ဆက် ကာတွန်းကား "နွေဦးပွဲတော် ပဒေသာကပွဲ ကြည့်ရှုပြီး နဂါးနှစ် ကြိုဆိုခြင်း" ကို ပထမဆုံးအကြိမ် ပြသခဲ့ပြီး ကာတွန်းကားတွင် တရုတ် ရိုးရာနှစ်သစ်ကူးဝတ်စုံများ ဝတ်ဆင်ထားသော  Fuwa ကလေးများ၏ တင်ဆက် ဖျော်ဖြေမှုသည် ပရိသတ်များအတွက် ပျော်ရွှင်ချမ်းမြေ့မှုများကို ပေးစွမ်း နေပါသည်။