ဂျပန်နိုင်ငံတွင် ၂၀၂၅ခုနှစ် အိုဆာကာ-ကန်စိုင် ကမ္ဘာ့ ကုန်စည်ပြပွဲ တရုတ် အခန်း စတင် တည်ဆောက်

(GMT+08:00)2024-02-02 16:06:17  

ဒေသစံတော်ချိန် ဖေဖော်ဝါရီ လ ၂ ရက် နေ့ နံနက် ၁၀ နာရီက ဂျပန် နိုင်ငံတွင် ၂၀၂၅ခုနှစ် အိုဆာကာ-ကန်စိုင် ကမ္ဘာ့ ကုန်စည်ပြပွဲ တရုတ် အခန်း စတင် တည်ဆောက် ခဲ့သည်။ ကမ္ဘာ့ ကုန်စည်ပြပွဲ တရုတ် အခန်း သည် “လူသားနှင့် သဘာဝ သက်ရှိများ ကံကြမ္မာ အသိုက်အဝန်း လက်တွဲ တည်ဆောက်ခြင်း၊ မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်သော အနာဂတ် လူ့ဘောင် လောက” ဆောင်ပုဒ် ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများသည် တစ်လှေတည်းစီးပြီး အချင်းချင်း ကူညီထောက်ပံ့၍ လူသားချင်း ကံကြမ္မာ အသိုက် အဝန်း လက်တွဲ တည်ဆောက်ကာ အနာဂတ်မျိုးဆက်များအတွက် သန့်ရှင်း သာယာ လှပသော ကမ္ဘာကြီးကို ချန်ထားပေးရန် ကောင်းမွန်သော ဆန္ဒနှင့် ကြိုးပမ်း ဆောင် ရွက်မှုများကို ပြသရန် ရည်မှန်းထားသည်။

တရုတ်အခန်းသည် အကျယ်အဝန်းမှာ ၃၅၀၀ စတုရန်း မီတာ ရှိပြီး ဖွင့်ထားသော တရုတ် ရှေးဟောင်း စာအုပ်အလိပ် ပုံ အဝါရောင် အဆောက်အအုံ ဖြစ်ကာ အိုဆာကာ-ကန်စိုင် ကမ္ဘာ့ ကုန်စည်ပြပွဲတွင် အကြီးဆုံး နိုင်ငံခြား ကိုယ်တိုင် တည်ဆောက် ထားသော အဆောက်အအုံ လည်း ဖြစ်သည်။