China Media Group ၏ နဂါးနှစ် နွေဦးပွဲတော် ပဒေသာကပွဲ ပရိုမိုးရှင်းဗီဒီယိုကို Siem Reap မြို့ရှိ Angkor အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြသ

(GMT+08:00)2024-02-02 15:59:15  

ဖေဖော်ဝါရီလ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် China Media Group နဂါးနှစ်နွေဦးပွဲတော် ပဒေသာကပွဲ ပရိုမိုးရှင်းဗီဒီယိုကို ထွှတ်လွှင့်ပြသခဲ့သည်။ ယင်းသည် China Media Group ၏နွေဦးပွဲတော် ပဒေသာကပွဲ ပရိုမိုးရှင်းဗီဒီယိုကို ၎င်းလေဆိပ်၌ ပထမဆုံးအကြိမ် ပြသခြင်းဖြစ်သည်။ အထူးဧည့်သည်တော်အနေနှင့် ကမ္ဘောဒီးယားတော်ဝင်မိသားစုမှ မင်းသမီး Norodom Jenna သည် ခရီးသည်များအား နွေဦးပွဲတော် ပဒေသာကပွဲ ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ထုတ်ကုန်များကို ပြသပြီး နွေဦးပွဲတော်ယဉ်ကျေးမှုကို ၎င်းတို့အား ရှင်းပြခဲ့သည်။ မင်းသမီး Jenna က နွေဦးပွဲတော်သည် တရုတ်နိုင်ငံတွင် အရေးကြီးဆုံးပွဲတော်ဖြစ်ပြီး နဂါးသည် တရုတ်ယဉ်ကျေးမှု၏ သင်္ကေတဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းလေဆိပ်သည် တရုတ်ကုမ္ပဏီက ပြည်ပ၌ ရင်းနှီးမြှုပ်နှံမှု၊ ဆောက်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်မှု ပုံစံဖြင့်ဆောင်ရွက်သော ပထမဆုံး နိုင်ငံတကာ လေဆိပ်ဖြစ်သည်။