ရှီကျင့်ဖိန်သည် နွေဦးပွဲတော်မတိုင်ခင် ထျန်ကျင်းမြို့ရှိ အခြေခံအဆင့် ကေဒါများနှင့် ပြည်သူလူထု များအား သွားရောက်တွေ့ဆုံ

(GMT+08:00)2024-02-02 14:56:30  

နွေဦးပွဲတော်မတိုင်မီတွင် ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် ထျန်ကျင်းမြို့သို့ သွားရောက်ပြီး အခြေခံအဆင့်ကေဒါများနှင့် ပြည်သူများအား သွားရောက်တွေ့ဆုံ ခဲ့သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် သူသည် Xiqing ရပ်ကွက် Liubu ရွာသို့ ဦးစွာသွားရောက်ခဲ့ပြီး ယမန်နှစ် ရေကြီးရေလျှံမှုအပြီးတွင် ကုန်ထုတ်လုပ်မှု နာလန်ပြန်ထူရေး အခြေအနေကို ကြည့်ရှုကာ ရေဘေးသင့် ပြည်သူများ အား ကြည့်ရှုခဲ့သည်။ ထိုနေ့မွန်းလွဲပိုင်းတွင် သူသည် ထျန်ကျင်း ရှေးဟောင်းယဉ်ကျေးမှုလမ်းသို့  သွားရောက်ပြီး ပွဲတော်ဈေးများ ထောက်ပံ့မှု၊ သမိုင်းဝင် ယဉ်ကျေးမှုဆိုင်ရာ လမ်းများ ထိန်းသိမ်းကာကွယ် အသုံးပြုခြင်းတို့ကို လေ့လာကြည့်ရှုခဲ့သည်။