အမေရိကန်၏ နိုင်ငံတော်လုံခြုံရေး ယေဘုယျ အယူအဆကို ယေဘုယျ ကောက်ချက်ချပြီး တရုတ် ကုမ္ပဏီများ အပေါ် အကြောင်းမဲ့သက်သက် ဖိနှိပ်ခြင်းကို တရုတ် နိုင်ငံ ပြတ်သားစွာ ဆန့်ကျင်

(GMT+08:00)2024-02-02 16:13:48  

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယခုလ ၁ရက်နေ့က ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာနမှ “တရုတ် စစ်ရေး လုပ်ငန်း ကုမ္ပဏီများ အမည်စာရင်း”ကို အသစ်ပြုစုထားခြင်းနှင့် ပတ်သက်၍ ပြော ရေး ဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က မိမိတို့သည် အမေရိကန်၏ နိုင်ငံတော်လုံခြုံရေး ယေဘုယျ အယူ အဆကို ယေဘုယျ ကောက်ချက်ချပြီး တရုတ် ကုမ္ပဏီများ အပေါ် အကြောင်း မဲ့သက်သက် ဖိနှိပ်ကာ တရုတ်-အမေရိကန် ပုံမှန် စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုအား ဖျက်ဆီးခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ အမေရိကန် ဘက်မှ ယင်းလုပ်ရပ်သည် ဈေးကွက် ယှဉ်ပြိုင်မှု အခြေခံမူနှင့် နိုင်ငံတကာ စီးပွား ကုန်သွယ် ရေး စည်းမျဉ်းဥပဒေကို ကျောခိုင်းခြင်း ဖြစ်ပြီး အမေရိကန်တွင် နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံရေး လုပ်ကိုင်ဆောင်ရွက်မှု ယုံကြည်စိတ်ကို ထိခိုက်စေခြင်း ဖြစ်ကာ အမေရိကန် လုပ်ငန်း ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားကို ထိခိုက် စေခြင်း လည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။