တရုတ် ဝန်ကြီးချုပ် လီချန်သည် ၂၀၂၄ ခုနှစ် တရုတ်-အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူး ဖလှယ်ရေးနှစ် ဖွင့်ပွဲအခမ်းအနားသို့ ထောမနာပြုလွှာကို ပေးပို့

(GMT+08:00)2024-02-02 18:58:24  

  ဖေဖော်ဝါရီလ ၂ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ၂၀၂၄ ခုနှစ် တရုတ်-အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှစ် ဖွင့်ပွဲ အခမ်းအနားသို့ ထောမနာပြုလွှာကို ပေးပို့ခဲ့ပါသည်။

   ယင်းထောမနာပြုလွှာတွင် လီချန်က တရုတ်နှင့် အာဆီယံနိုင်ငံများ တောတောင်ရေမြေချင်း ဆက်စပ်ပြီး ချစ်ကြည်ရေး အစဉ်အလာ သမိုင်းကြာမြင့်ပါကြောင်း၊ မျက်မှောက်အချိန်တွင် တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု အရှိန်ကောင်းမွန်စွာ တိုးတက်လာပြီး နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်မြင်မှု ရလဒ် များစွာ ရရှိကာ တရုတ်-အာဆီယံ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးတွင် အခန်းကဏ္ဍသစ်ကို အဆက်မပြတ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဖော်ပြပါထား သည်။

   လီချန်က တရုတ်နှင့် အာဆီယံ ချစ်ကြည်ရေးကို ရေရှည် ထိန်းသိမ်း လိုလျှင် နှစ်ဖက်ဆက်ဆံမှု၏ လူ့ဘောင်အဖွဲ့အစည်း အခြေခံ ခိုင်ခံ့အောင် ဆောင်ရွက်ရမည်ဟု သမ္မတ ရှီကျင့်ဖိန်က ထောက်ပြခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့်အတူ တရုတ်-အာဆီယံ လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှစ်ကို အခွင့်ကောင်း အဖြစ်ထားပြီး တစ် ကမ္ဘာလုံး ယဉ်ကျေးမှုဆိုင်ရာ အဆိုပြုချက်ကို လက်တွဲ ဖော်ဆောင်ရန်၊ ပိုမို ရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရန်၊ ငြိမ်းချမ်း၊ တည်ငြိမ်၊ စည်ပင်သာယာပြီး ချစ်ကြည်ရင်းနှီးသော ဘုံရပ်ရွာကို အတူ တည်ဆောက်ကြရန် မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။