ဥရောပသမဂ္ဂသည် ယူကရိန်းအတွက် ထောက်ခံမှု တိုးမြင့်လာကာ လူများက မကျေနပ်မှု များကို ဆန္ဒပြခဲ့ကြ

(GMT+08:00)2024-02-02 16:08:29  

ဖေဖော်ဝါရီလ ၁ ရက်က ကျင်းပသည့် ဥရောပသမဂ္ဂ အထူးထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင် နိုင်ငံများက ယူကရိန်းကို ယူရို ဘီလီယံ ၅၀ ထောက်ပံ့ရန် သဘောတူညီမှု ရရှိခဲ့ပါသည်။ သို့သော်လည်း အစည်းအဝေးကျင်းပသည့်ခန်းမအပြင်ဘက်တွင် ယမန်နှစ် ကတည်းက အတိုင်းအတာ အကြီးမားဆုံး ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး လက်ရှိ ဥရောပ သမဂ္ဂ ရင်ဆိုင်နေရသည့် စီးပွားရေးကျဆင်းမှု၊ ဝင်ငွေကျဆင်းမှု၊ ဈေးနှုန်း မြင့်တက်မှု စသည်တို့အပေါ် မကျေနပ်မှုများကို ဆန္ဒပြ ခဲ့ကြပါသည်။