ယီမင်ရှိ လူ ၁၈.၂သန်းကျော် လူသားချင်း စာနာထောက်ထားမှု လိုအပ်ဟု ကုလ သမဂ္ဂ ဆို

(GMT+08:00)2024-02-02 16:07:07  

ဒေသစံတော်ချိန် ဖေဖော်ဝါရီ လ ၁ ရက်နေ့က ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ရာ ယီမင်နိုင်ငံသား ၁၈.၂သန်းကျော် တို့အတွက် အရေးပေါ် လူသားချင်း စာနာထောက်ထားမှု ပေးအပ်ရန် ပန်ကြားခဲ့သည်။ ယင်းကြေညာချက်အရ ၂၀၂၄ခုနှစ်တွင် ယီမင်နိုင်ငံသား ၁၇.၆ သန်းကျော်တို့သည် စားနပ် ရိက္ခာ မလုံလောက် မှုနှင့် အာဟာရဓာတ် ချို့တဲ့မှုတို့ကို ရင်ဆိုင် ရ နိုင်မည် ဖြစ် ကြောင်း ခန့်မှန်းထားသည်။