တောင်ပင်လယ်၌ အသိုင်းအဝိုင်းငယ် ပြုလုပ်ရန် ဖိလစ်ပိုင်၏ ကြံဆချက် သေချာပေါက် အောင်နိုင် မည် မဟုတ်

(GMT+08:00)2024-02-02 19:01:59  

 

မကြာခင်က ဖိလစ်ပိုင် သမ္မတ Marcos သည် ဗီယက်နမ်၌ ခရီးလှည့်လည်ခဲ့စဉ် ဖိလစ်ပိုင်နှင့် ဗီယက်နမ် အစိုးရသည် နားလည်မှုစာချွန်လွှာ နှစ်ရပ်ကို ချုပ်ဆိုပြီး ကူးလူးဆက်ဆံရေး တယ်လီဖုန်း လိုင်း ထားရှိရန်၊ ပူးတွဲ ပင်လယ်ကမ်းခြေ စောင့်တပ် ကော်မတီကို တည်ထောင်ရန် သဘောတူခဲ့ကြသည်။ ဖိလစ်ပိုင် မီဒီယာများကလည်း ဗီယက်နမ်သည် တောင်ပင်လယ် အငြင်းပွားမှုဆိုင်ရာ အာဆီယံ အသိုင်းအဝိုင်းငယ် ပူးပေါင်းဆောင်ရွက်မှု၏ သော့ချက်ကျသည့် အစိတ်အပိုင်း ဖြစ်နိုင်သည်ဟု ဖော်ပြခဲ့သည်။

  ကျွမ်းကျင်ပညာရှင်များက ဖိလစ်ပိုင်သည် တောင်ပင်လယ်တွင် တရုတ်နိုင်ငံကို ရည်ညွှန်းသည့် အသိုင်းအဝိုင်းငယ်ကို ဖွဲ့စည်းနိုင်ရန်၊ တရုတ်နိုင်ငံအား ဖိအား တိုးပေးနိုင်ရန် ကြံဆနေသည်ဟု ထောက်ပြကြသည်။

   လွန်ခဲ့သည့်နှစ် နိုဝင်ဘာလကပင် Marcos က ဖိလစ်ပိုင်သည် ဗီယက်နမ်နှင့် မလေးရှား စသည့်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံခဲ့ပြီး တောင်ပင်လယ်ရေးရာနှင့် ပတ်သက်ပြီး သီးခြား ဆောင်ရွက်ရေးမူကို သတ်မှတ်နိုင်ရန် မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်များက ဖိလစ်ပိုင်၏ ရည်ရွယ်ချက်သည် အခြားနိုင်ငံများကို စည်းရုံးပြီး တရုတ်နိုင်ငံအား ဖိအားပေးရန်ပင် ဖြစ်သည်ဟု ထောက်ပြကြပါသည်။

   ဖိလစ်ပိုင်သည် တရုတ်နိုင်ငံအား ရည်ညွှန်းပြီး အသိုင်းအဝိုင်းငယ်ကို ပြုလုပ်သည့် ကြံဆချက်သည် အငြင်းပွားမှုများကို ချဲ့ထွင် ရှုပ်ထွေးလာစေပြီး တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်ချက် ကြေညာစာတမ်းပါ ရည်မှန်းချက် အကြောင်း အရာ များ ကိုလည်း ကျောခိုင်း ဖျောက်ဖျက်သောကြောင့်  သေချာပေါက် အောင်နိုင်မည် မဟုတ် ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။