တရုတ်နိုင်ငံသည် နိုင်ငံ ၂၃ နိုင်ငံနှင့် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ပြု

(GMT+08:00)2024-02-01 15:09:55  

ဇန်နဝါရီလ ၂၈ ရက်နေ့က တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်ကို ချုပ်ဆိုခဲ့ပြီး ယင်းသဘောတူညီချက်သည် မတ်လ ၁ ရက်နေ့မှစ၍ တရားဝင် အာဏာတည်မည် ဖြစ်သည်။

ထိုင်းနိုင်ငံသည် စင်ကာပူးနိုင်ငံ၊ အင်တီဂွာနှင့် ဘာဘူဒါနိုင်ငံ ပြီးလျှင် ယခုနှစ်တွင် တရုတ်နိုင်ငံနှင့် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်စာချုပ် ချုပ်ဆိုခဲ့သည့် တတိယမြောက်နိုင်ငံ ဖြစ်ပါသည်။

လက်ရှိအချိန်အထိ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံး တိုက်ကြီးငါးခုမှ နိုင်ငံ ၂၃ နိုင်ငံနှင့် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်ကို ချုပ်ဆိုထားသည်ဟု သတင်းရရှိပါသည်။

သက်ဆိုင်ရာစာရင်းအရ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ ပြည်ဝင်ပြည်ထွက် လူဦးရေပေါင်း ၄၂၄ သန်း ရှိပြီး ၂၀၂၂ ခုနှစ်ကထက် ၂၆၆.၅ ရာခိုင်နှုန်း တိုးလာကာ ယင်းတို့ အနက် နိုင်ငံခြားသားဦးရေ ၆၀၃.၁ ရာခိုင်နှုန်း တိုးလာသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။