မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆက်လက်တာဝန်ထမ်းဆောင်

(GMT+08:00)2024-02-01 17:42:18  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ပိုမိုမြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရန်အလို့ငှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အမိန့်ထုတ်ပြန်ခဲ့သည်။

ပြင်ဆင်ဖွဲ့စည်းလိုက်သော ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ကာ ပြည်ထောင်စုဝန်ကြီးရာထူးအချို့ကို အသစ်ပြင်ဆင်ခြင်း၊ ခန့်အပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။