မြန်မာနိုင်ငံတွင် နိုင်ငံတော် အရေးပေါ်အခြေအနေအား ၆ လ သက်တမ်းတိုးကြောင်း ကြေညာ

(GMT+08:00)2024-02-01 13:58:56  

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီသည် နေပြည်တော်တွင် အစည်းအဝေးကို ကျင်းပပြီး ယာယီသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ ယင်းအစည်းအဝေးအပြီး ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာတွင် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် အရေးပေါ် အခြေအနေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ စတင်၍ ၆ လ သက်တမ်းတိုးမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်  ခဲ့ပါသည်။