China Media Group ၏ “နွေဦးပွဲတော်အကြိုည ပဒေသာကပွဲ ပွဲဦးထွက်တေး” လှုပ်ရှားမှုကို နိုင်ရိုဘီမြို့တွင် ကျင်းပ

(GMT+08:00)2024-02-01 13:23:29  


ဇန်နဝါရီလ ၃၁ရက်နေ့က China Media Group ၏ “နွေဦးပွဲတော်အကြိုည ပဒေသာကပွဲ ပွဲဦးထွက်တေး” လှုပ်ရှားမှုကို ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့အခြေစိုက် ကုလသမဂ္ဂရုံးတွင်ကျင်းပခဲ့ပါသည်။ အဆိုပါလှုပ်ရှားမှုကို “တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် နွှဲပျော်၊ China Media Group နွေဦးပွဲတော် ပဒေသာကပွဲ ကြည့်ရှု”ဟူသော ဆောင်ပုဒ်ဖြင့် နွေဦးပွဲတော်ယဉ်ကျေးမှုကို ပေါင်းကူးတံတားအဖြစ် နိုင်ငံတကာလူမှု ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို မြှင့်တင်ပြီး ယဉ်ကျေးမှုအပြန်အလှန် လေ့လာ အတုယူရေး ကို မြှင့်တင်ရန် ပြုလုပ်ခြင်း ဖြစ် သည်။

    တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ သည် ဗီဒိုယိုမိန့်ခွန်းပြောကြားရာတွင် မကြာသေးမီက ၇၈ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နွေဦးပွဲတော်ကို ကုလသမဂ္ဂပွဲတော်အဖြစ် သတ်မှတ်ရန် တညီတညွတ်တည်း အတည်ပြုခဲ့ကြခြင်းမှာ တရုတ်ယဉ်ကျေးမှုနှင့် အရှေ့ တိုင်း ယဉ်ကျေးမှု၏ ဆွဲဆောင်မှုကို အပြည့်အဝ ပြသနိုင်ကြောင်း၊ ကုလသမဂ္ဂမှ အဆို ပြုသော ဘက်ပေါင်းစုံ၊ အားလုံးပါဝင်နိုင်သော ယဉ်ကျေးမှု တန်ဖိုး အတွေးအခေါ်ကို ပြဆို နိုင်ကြောင်း ပြောကြားခဲ့ပါသည်။