ပြင်သစ် လယ်သမားများ၏ ဆန္ဒပြမှု ပြင်းထန်လာပြီး ကလေးများလည်း ပါဝင်ကာ ကစားစရာအရုပ် "လယ်ထွန်စက်" ကို မောင်းနှင် ဆန္ဒပြ

(GMT+08:00)2024-02-01 14:14:21  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၃၁ ရက်နေ့က ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် ပြင်သစ်လယ်သမားများသည် ဆန္ဒပြမှုကို ဆက်လက်ပြုလုပ်ခဲ့ရာ ကလေး ၄၀ ခန့်က Kleber ရင်ပြင်ကြီးသို့ လာရောက်ပြီး ကစားစရာ  "လယ်ထွန်စက်" ကို မောင်းနှင်ကာ သူတို့၏ မိဘ များကို ထောက်ခံခဲ့ ကြသည်။