တရုတ်ပြည်ထုတ် C919 လေယာဉ်ကြီး လေးစင်းကို နွေဦးပွဲတော် ခရီးသည်များတင်ဆောင် ရန် ပထမဆုံးအကြိမ် အသုံးပြု

(GMT+08:00)2024-02-01 14:05:36  

ယခုနှစ် နွေဦးပွဲတော်ကာလအတွင်း မြို့ပြလေကြောင်းခရီးသည် ဦးရေ သန်း ၈၀ ရှိလာမည်ဟု ခန့်မှန်းထားပြီး စံချိန်တင် နိုင်မည် ဖြစ်ပါသည်။ လေကြောင်းလိုင်းပေါင်း ထောင်ချီရှိပြီး နေ့စဉ် ပျမ်းမျှ ပျံသန်းမှုပေါင်း ၁၇၀၀၀ ကျော် ရှိပါသည်။ ယခုနှစ် နွေဦးပွဲတော်ကာလအတွင်း တရုတ်ပြည်မှ ထုတ်လုပ်သည့် C919 လေယာဉ်ကြီး လေးစင်းကို နွေဦးပွဲတော်အတွက် ခရီးသည်များတင်ဆောင်ရန် ပထမဆုံးအကြိမ် အသုံးပြုပြီး ဘေကျင်း-ရှန်ဟိုင်းနှင့် ရှန်ဟိုင်း-ချန်တူး လေကြောင်းလိုင်းကို ပျံသန်းမည် ဖြစ် သည်။