ဗြိတိန်"Happy Spring Festival" လှုပ်ရှားမှုများ စတင်ခဲ့ပြီး China Media Group ၏ နွေဦးပွဲတော် ပဒေသာက ပွဲသည် အာရုံစူးစိုက်မှုခံရ

(GMT+08:00)2024-02-01 14:07:45  

ဒေသစံတော်ချိန် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ဗြိတိန်နိုင်ငံ "Happy Spring Festival" လှုပ်ရှားမှုများ စတင်ခြင်းအခမ်းအနားကို ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ယဉ်ကျေးမှုရုံး၌ ကျင်းပခဲ့ပါသည်။ ထိုနေ့တွင်ပင် China Media Group ၏ နွေဦးပွဲတော်ပဒေသာကပွဲ ပရိုမိုးရှင်းဗီဒီယိုကိုလည်း စတင်ခြင်း အခမ်းအနားတွင် ထုတ်လွှင့်ပြသခဲ့သည်။

ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Zhao Fei နှင့် ဗြိတိန်အရာရှိတို့သည် ၂၀၂၄ ဗြိတိန် "Happy Spring Festival" လှုပ်ရှားမှုကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ယခုနှစ်တွင် ဗြိတိန် "Happy Spring Festival" လှုပ်ရှားမှုကို လန်ဒန်တွင် ဗဟိုပြုပြီး Birmingham၊ Bristol၊ Edinburgh၊ Manchester  စသည့် နေရာများတွင်လည်း ကျင်းပကာ နိုင်ငံရပ်ခြားမှ တရုတ်အနွယ်ဖွားနှင့် ဒေသခံပြည်သူများသည် တရုတ်ယဉ်ကျေးမှု၏ ကျက်သရေကို တွေ့ကြုံခံစားနိုင်ပြီး နှစ်သစ်ကူးပွဲကို အတူတကွ နွှဲပျော်နိုင်မည်ဖြစ်သည်။